ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဂါဇာဒေသ အခြေအနေနှင့် ပတ်သက်၍ အမေရိကန်၏ ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုခဲ့ခြင်းမရှိ

(GMT+08:00)2024-03-23 10:19:22  

ပါလက်စတိုင်း ဂါဇာဒေသ အခြေအနေနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံ တင်ပြထားသည့် ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းတွင် မဲခွဲဆုံးဖြတ်ခဲ့ပါသည်။ မဲခွဲရာတွင် ထောက်ခံမဲ ၁၁ မဲ၊ ဂိုင်ယာနာနိုင်ငံမှ မဲပေးခြင်းမရှိ၊ ရုရှား၊ တရုတ်နှင့် လက်ရှိ လုံခြုံရေးကောင်စီအဖွဲ့ဝင်များထဲတွင် တစ်ခုတည်းသော အာရပ်နိုင်ငံဖြစ်သည့် အယ်လ်ဂျီးရီးယားအပါအဝင် စုစုပေါင်း ကန့်ကွက်မဲ ၃ မဲဖြင့် ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုခဲ့ခြင်းမရှိကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။