အစ္စရေးက ပါလက်စတိုင်းမြေ ၈ စတုရန်းကီလိုမီတာကို သိမ်းယူကြောင်း ကြေညာ

(GMT+08:00)2024-03-23 10:20:12  

အစ္စရေးက ဂျော်ဒန်မြစ်၏ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းမြေ ၈ စတုရန်းကီလိုမီတာကို သိမ်းယူခဲ့ပြီး ပိုင်ဆိုင်သည်ဟု ကြေညာခဲ့ကြောင်း မတ်လ ၂၂ရက်နေ့ အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ သိရပါသည်။

မတ်လ ၂၂ရက်နေ့တွင် အစ္စရေး IPBC အသံလွှင့်ဌာနမှ ဖော်ပြချက်အရ ထိုနေ့တွင် အစ္စရေးဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဂျော်ဒန်မြစ်၏ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းပိုင်ဆိုင်သည့်မြေ ၈ စတုရန်းကီလိုမီတာကို ၎င်းနိုင်ငံ၏ “နိုင်ငံပိုင်မြေ” အဖြစ် ကြေညာခဲ့ကြောင်း၊ အစ္စရေးသည် ရာနှင့်ချီသော ဂျူးအခြေချအိမ်ရာများအပြင် စက်မှုနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများကိုလည်း ဆောက်လုပ်ရန် အဆိုပါမြေများကို အသုံးပြုမည်ဖြစ်ကြောင်း သိရပါသည်။