တရုတ်နိုင်ငံ၏ အင်တာနက်အသုံးပြုသူဦးရေ ၁.၀၉ ၂ဘီလီယံ၊ အင်တာနက် ပျံ့နှံ့နှုန်းသည် ၇၇.၅ရာခိုင်နှုန်းရှိ

(GMT+08:00)2024-03-23 10:44:10  

မတ်လ ၂၂ရက်နေ့က တရုတ်အင်တာနက်သတင်းအချက်အလက်စင်တာ (CNNIC) မှ ဘေကျင်းမြို့တွင်  ၅၃ ကြိမ်မြောက် "တရုတ်အင်တာနက်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာ" ကို ထုတ်ပြန်ခဲ့သည်။ ယင်း"အစီရင်ခံစာ" အရ ၂၀၂၃ခုနှစ် ဒီဇင်ဘာလအထိ တရုတ်နိုင်ငံ၌ အင်တာနက်အသုံးပြုသူဦးရေသည် ၁.၀၉ ၂ဘီလီယံအထိရောက်ရှိခဲ့ပြီး ၂၀၂၂ခုနှစ် ဒီဇင်ဘာလကထက် အယောက်ရေ ၂၄.၈သန်းအသစ်တိုးများလာကာ အင်တာနက်ပျံ့နှံ့နှုန်းသည် ၇၇.၅ရာခိုင်နှုန်းရှိကြောင်း၊  သက်ဆိုင်ရာအချက်အလက်များအရ တရုတ်အင်တာနက်လုပ်ငန်းသည် စက်မှုလုပ်ငန်းသစ်ကို မြှင့်တင်ရန်၊ အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်ရန်နှင့် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် စသော အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း China Media Groupမှ သတင်းအရသိရပါသည်။