အမေရိကန်က "Boeing သံသယ" အတွက် ကမ္ဘာကို ရှင်းပြသင့်တယ်

(GMT+08:00)2024-03-23 15:33:10  

သတင်းပေးသူ၏ ထူးထူးဆန်းဆန်း "သတ်သေခြင်း" မှ မကြာခဏ ဖြစ်ပွားသော လေယာဉ်ဘေးအန္တရာယ်ပြဿနာများအထိ Boeing ကုမ္ပဏီသည် မကြာသေးမီက လူအများအမြင်တွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သည်။ မကြာသေးမီက အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဖီးထ် ဘူတီဂျီဂ် နှင့် ပြည်ထောင်စုလေကြောင်းစီမံခန့်ခွဲရေးဌာနဥက္ကဋ္ဌမိုက်ခ် ဟွီတာကယ် တို့သည် Boeing ၏ အရည်အသွေးထိန်းချုပ်မှုတွင် ပြဿနာများရှိနေကြောင်း ဝန်ခံခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့နှစ်ဦးလုံးက ပြင်ပကမ္ဘာမှ စိုးရိမ်သော ဖြေရှင်းချက်အစီအမံများနှင့် အစိုးရ၏ ကြီးကြပ်တာဝန်ဝတ္တရားများကို တုံ့ပြန်ခြင်းမရှိခဲ့ပေ။ ဤသည်မှာ ပြင်ပကမ္ဘာမှ သံသယများနှင့် ဒေါသများကို ဖြေဖျောက်ရန် ဝေးကွာခဲ့သည်။

Boeing ကုမ္ပဏီ သည် ကမ္ဘာ့အရပ်ဘက်လေကြောင်းဈေးကွက်တွင် မြင့်မားသောဝေစုရှိပြီး၊ ဘေးအန္တရာယ်ဖြစ်ရပ် အဆက်မပြတ်ဖြစ်ပေါ်ခြင်းသည် ကမ္ဘာ့လေကြောင်းလုပ်ငန်းအပေါ် ဆိုးကျိုးသက်ရောက်စေမည်ဖြစ်သည်။ ပျံသန်းမှုဘေးကင်းရေးသည် အသေးအမွှားကိစ္စမဟုတ်ပါ၊ တစ်ကမ္ဘာလုံးရှိ ပြည်သူများ၏ ဘေးကင်းရေးနှင့် သက်ဆိုင်ပါသည်။ “Boeing သံသယ” နှင့် ရင်ဆိုင်ရချိန်တွင် အမေရိကန် သက်ဆိုင်ရာအဖွဲ့အစည်းများသည် ပြဿနာများ ရှောင်လွှဲခြင်း၊ တာဝန်ဝတ္တရားများ ရှောင်လွှဲခြင်းတို့မပြုသင့်ဘဲ ဘက်အသီးသီးတို့၏စိုးရိမ်မှုများကို ထိထိရောက်ရောက်တုံ့ပြန်ပြီး ကမ္ဘာကြီးအား ကျိုးကြောင်းဆီလျော်သော ရှင်းလင်းချက်ကိုပေးသင့်သည်။