ယူကရိန်း အကျပ်အတည်းဆိုင်ရာ ဒုတိယအကြိမ် အပြန်အလှန် သံတမန်ရေး ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး တရုတ်မှ အထူးကိုယ်စားလှယ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်

(GMT+08:00)2024-03-23 09:26:10  

တရုတ်အစိုးရမှ  ဥရောပ-အာရှ ရေးရာ အထူးကိုယ်စားလှယ် လီဟွေ သည် မတ်လ ၂ ရက်နေ့မှ စတင်ပြီးရုရှား၊ EU ဌာနချုပ်၊ ပိုလန်၊ ယူကရိန်း၊ ဂျာမဏီနှင့် ပြင်သစ်တို့သို့ သွားရောက် ခရီးလှည့်လည်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းရန် ဒုတိယအကြိမ် အပြန်အလှန် သံတမန်ရေး (shuttle diplomacy)ဆောင်ရွက်ခဲ့သည်။

လီဟွေ သည် ၂၂ရက်နေ့တွင် ဘေကျင်းမြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန်များနှင့် ပြည်တွင်း ပြည်ပ မီဒီယာများမှ သတင်းထောက်များအား မိတ်ဆက်ပေးခဲ့ပါသည်။

လီဟွေက ဘက်ပေါင်းစုံ အားလုံးတို့သည် တရုတ်နိုင်ငံ၏ အပြန်အလှန်  ညှိနှိုင်းဖျန်ဖြေရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို ချီးကျူးပြီး တရုတ်နိုင်ငံအနေနှင့် အပြုသဘောဆောင်သော အခန်းကဏ္ဍတွင် ပိုမို ပါဝင်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။