ဘေကျင်းတွင်ရရှိခဲ့သော “ဒီမိုကရေစီသဘောတူဆန္ဒများ” သည် အခြေခံပြဿနာများကို ရှင်းလင်းစေသည်

(GMT+08:00)2024-03-23 09:40:44  

မကြာသေးမီက ဘေကျင်း၌ ကျင်းပသည့် တတိယ အကြိမ် “ဒီမိုကရေစီ-လူသားတစ်ရပ်လုံး၏ ဘုံတန်ဖိုး” နိုင်ငံတကာ ဖိုရမ်တွင် နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဧည့်သည် ၂၀၀ ကျော်သည် “ဒီမိုကရေစီနှင့် အုပ်ချုပ်မှု ခေတ်မီရေး”၊ “ဉာဏ်ရည်တုနှင့် ဒီမိုကရေစီ၏ အနာဂတ်”၊“ဘက်ပေါင်းစုံကမ္ဘာတွင် ဒီမိုကရေစီနှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်” စသော အကြောင်းအရာများကို နက်နက်နဲနဲ ဆွေးနွေးခဲ့ပါသည်။ ဒီမိုကရေစီ၏ ရည်ရွယ်ချက်မှာ လူသားတစ်ရပ်လုံး၏ ချမ်းသာသုခကို ကာကွယ်ရန်နှင့် မြှင့်တင်ရန်ဖြစ်ပြီး နိုင်ငံအသီးသီးက ပြည်သူများ၏ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း ရွေးချယ်ပိုင်ခွင့်ကို လေးစားလိုက်နာရမည် ဖြစ်ကာ ဒီမိုကရေစီအမည်ကို အသုံးပြု၍ နိုင်ငံတကာအသိုက်အဝန်းတွင် သဘောထား ကွဲလွဲမှုများ ဖန်တီးခြင်း၊ မလိုမုန်းထားမှုများ ဖြန့်ကျက်ခြင်း၊ ငြိမ်းချမ်းရေး ထိခိုက်ခြင်းတို့ကို ဆန့်ကျင်ကြောင်း အားလုံးက သဘောတူကြသည်။

တစ်ချိန်တည်းမှာပင်၊ အမေရိကန်မှ တောင်ကိုရီးယားနိုင်ငံကို တာဝန်အပ်နှင်းပြီး တောင်ကိုရီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် တတိယအကြိမ်မြောက် “ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး” သည် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ပြီးဆုံးခဲ့သည်။ ၎င်း၏ ထင်ရှားကျော်ကြားသော မိတ်ဆက်ပွဲမှ ယခု အာရုံစိုက်မှု ကင်းမဲ့သည့်အထိ၊ အမေရိကန်က စီစဉ်ထားသော "ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး" သည် အမေရိကန် ဒီမိုကရေစီအပေါ် ယုံကြည်မှု ချိုးဖောက်ခြင်း၏ ရောင်ပြန်ဟပ်မှု တစ်ရပ်ဖြစ်သည်။

ဒီမိုကရေစီသည် တစ်စုံတစ်ဦး၏ မူပိုင်ခွင့်မဟုတ်သည့်အပြင် ကြွယ်ဝပြီး အရောင်အသွေးစုံသင့်သည်၊ ဒီမိုကရေစီသည် မတူကွဲပြားသူများကို အနိုင်ယူရန် အသုံးပြုသည့် လက်နက် မဖြစ်သင့်ပါ၊ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု တိုးတက်ကောင်းမွန်လာစေရန် ဒီမိုကရေစီ စည်းမျဉ်းများ ထပ်မံရေးဆွဲရန် လိုအပ်သည်... ဤ ဘေကျင်းမှ "ဒီမိုကရေစီ သဘောတူညီမှု" သည် နိုင်ငံတကာအသိုက်အဝန်းက ဒီမိုကရေစီကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်စေရန် လှုံ့ဆော်မှုအသစ်များ ထွက်ပေါ်လာပါသည်။ ယင်းက ဒီမိုကရေစီအပေါ် ကွဲပြားခြားနားသော နားလည်မှုများရှိပါက တွေ့ဆုံဆွေးနွေးပြီး ကူးလူးဖလှယ်လို့ရ နိုင်ကြောင်းကိုလည်း လူတွေအား သိစေခဲ့သည်။