ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ၌ ပြင်းထန်သော အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ရုရှားသမ္မတပူတင်ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်

(GMT+08:00)2024-03-23 15:32:21  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် မတ်လ ၂၃ ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့ ကပွဲရုံတစ်ခုတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ရုရှားသမ္မတပူတင်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် အကြမ်းဖက်မှုပုံစံအားလုံးကို ဆန့်ကျင်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ရုရှားအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အခိုင်အမာ ထောက်ခံကြောင်း အလေးပေးပြောကြားခဲ့သည်။