အမေရိကန်ဆေးရုံသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော ဝက်ကျောက်ကပ် အစားထိုး ခွဲစိတ်မှုကို အောင်မြင်စွာ ပြုလုပ်

(GMT+08:00)2024-03-23 09:27:05  

၂၁ ရက်နေ့က အမေရိကန် မက်ဆာချူးဆက် အထွေထွေ ဆေးရုံမှ ကြေညာချက် ထုတ်ပြန်ခဲ့ရာ ယင်းဆေးရုံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် နောက်ဆုံးအဆင့် ကျောက်ကပ် ရောဂါရှိသော အမေရိကန် အမျိုးသား လူနာတစ်ဦးအား ထူးဆန်းသော အစားထိုး ခွဲစိတ်မှု တစ်ရပ်ကို အောင်မြင်စွာ ပြလုပ်ပြီး ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ မျိုးဗီဇ ပြုပြင်ထားသော ဝက်ကျောက်ကပ်ကို အစားထိုး ထည့်သွင်းခဲ့သည်။ ယင်းသည် ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် ဖြစ်သည်။ အဆိုပါ အမျိုးသားလူနာသည် ခွဲစိတ်ကုသမှုခံယူပြီးနောက် ပြန်လည်ကောင်းမွန်လာကာ မကြာမီတွင် ဆေးရုံမှ ဆင်းနိုင်မည်ဟု ခန့်မှန်းထားသည်။

ယခင်က အမေရိကန်နိုင်ငံတွင် လူသားအား ဝက်ကျောက်ကပ် အစားထိုး ခွဲစိတ်မှု ၂ ကြိမ် ပြုလုပ်ခဲ့သော်လည်း လူနာ နှစ်ဦးစလုံးသည် ခွဲစိတ်မှုအပြီး လအနည်းငယ်အတွင်း သေဆုံးသွားခဲ့သည်။