အပူချိန် တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ စီချွမ်းပြည်နယ် တာ့ကျူခရိုင်တွင် Chinese Toon များ ပထမအသုတ် စတင်ဆွတ်ခူးနေကြပါသည်။ Chinese Toonထုတ်လုပ်ရေးလုပ်ငန်းသည် တာ့ကျူခရိုင် ၏အဓိကလုပ်ငန်းတစ်ခုဖြစ်သည်။ လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားသော Chinese Toon များကို တရုတ်ပြည်တွင်းမြို့များစွာသို့ ပို့ဆောင်ပေးသည့်အပြင် ထိုင်း၊ လာအိုနှင့် မြန်မာ စသော နိုင်ငံများသို့လည်း တင်ပို့မည်။ ခူးဆွတ်သည့်အချိန်ကို ယခုလလယ်ပိုင်းမှလကုန်ပိုင်းအထိ ရှိမည်ဟု ခန့်မှန်းထားသည်။









