တရုတ်-အိန္ဒိယ နယ်နိမိတ်ပြဿနာသည် တရုတ်နှင့် အိန္ဒိယအကြားကိစ္စရပ်များဖြစ်ပြီး အမေရိကန်နှင့် မသက်ဆိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2024-03-22 14:23:48  

    မတ်လ ၂၁ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။ တရုတ်-အိန္ဒိယ နယ်နိမိတ်အရေးနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိ သူ၏ အပြောအဆိုနှင့် စပ်လျဉ်း၍ သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ ၌ လင်ကျန့်က တရုတ်နိုင်ငံသည် ယင်းအပေါ်  ပြင်းပြင်းထန်ထန်မကျေမနပ်ဖြစ်မိပြီး ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း၊ တရုတ်-အိန္ဒိယ နယ်နိမိတ်ကို မည်သည့်အခါမှ သတ်မှတ်မထားဘဲ ရှီးဇန့်တောင်ပိုင်းဒေသသည် သမိုင်းစဉ်တစ်လျှောက် တရုတ်၏ပိုင်နက်နယ်မြေဖြစ်ပြီး ဤအခြေခံအဖြစ်မှန်ကို ငြင်းဆို၍ မရကြောင်း၊ တရုတ်- အိန္ဒိယနယ်နိမိတ်ပြဿနာသည် တရုတ်နှင့် အိန္ဒိယအကြားကိစ္စရပ်များဖြစ်ပြီး အမေရိကန် နှင့် မသက်ဆိုင်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။