ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်အား တည်ကြည်လေးနက်စွာ သတိပေး

(GMT+08:00)2024-03-22 14:22:36  

မတ်လ ၂၁ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။ အမေရိကန် တပ်ဖွဲ့၏ အိန္ဒိယ သမုဒ္ဒရာ-ပစိဖိတ် သမုဒ္ဒရာ စစ်ဦးစီးဌာနချုပ်  စစ်ဦးစီးချုပ် Aquilino ၏ သက်ဆိုင်ရာ ပြောဆိုချက်များနှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြား ခဲ့ရာ၌ လင်ကျန့် က ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဖြစ်ပြီး၊  ထိုင်ဝမ်ရေးရာများသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စဖြစ်ကြောင်း၊ ထိုင်ဝမ်ပြဿနာဖြေရှင်းရေးသည် တရုတ်လူမျိုးများ၏ ကိုယ်တိုင်အရေးဖြစ်ပြီး ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုဟု အမေရိကန်အား တည်ကြည်လေးနက်စွာ သတိပေးလိုကြောင်းပြောကြားခဲ့ပါသည်။