ပူတင်သည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ရုရှား ဗဟို ရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာ

(GMT+08:00)2024-03-22 14:29:26  

ဒေသစံတော်ချိန် မတ်လ ၂၁ ရက်နေ့က ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်မှ အစည်းအဝေး ကျင်းပပြီး ၂၀၂၄ခုနှစ် နိုင်ငံတော်သမ္မတရွေးကောက်ပွဲ ရလဒ်ကို ထုတ်ပြန်ခဲ့ပါသည်။ သက်ဆိုင်ရာ စာရင်းအရ ယခုအကြိမ် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၈၇၅၇၆၀၇၅ ဦး ပါဝင်ခဲ့ပြီး မဲပေးသူနှုန်းလည်း ၇၇.၄၉ ရာခိုင်နှုန်း ရှိကြောင်း သိရပါသည်။ မဲအားလုံး၏ ပဏာမ စာရင်းအရ လက်ရှိသမ္မတ ပူတင် က မဲ ၈၇.၂၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး ၂၀၂၄ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ရုရှား ဗဟို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပါမူဖှီလိုဗါက ၂၁ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါသည်။