တရုတ်ပင်လယ် ကမ်းခြေ စောင့်ကြပ်ရေး ဌာနမှ ပြောရေးဆိုခွင့်ရှိသူက Tiexian Reef ပေါ်သို့ ဖိလစ်ပိုင်မှ တရားမဝင်တက်ရောက်ခြင်းနှင့်ပတ်သက်၍ ပြောကြား

(GMT+08:00)2024-03-22 14:24:38  

တရုတ်ပင်လယ်ကမ်းခြေစောင့်ကြပ်ရေး ဌာန(China Coast Guard)မှ ပြောရေးဆိုခွင့်ရှိသူ Gan Yu က မတ်လ ၂၁ ရက်နေ့တွင် ဖိလစ်ပိုင် ပုဂ္ဂိုလ် ၃၄ ဦးသည် တရုတ်နိုင်ငံ၏ သတိပေးတားဆီးမှုကို လျစ်လျူရှုပြီး Tiexian Reef ပေါ်သို့  တရားမဝင် ဆိုက်ကပ်တက်ရောက်ခဲ့သည့်အတွက် တရုတ်ပင်လယ်ကမ်းခြေ စောင့်တပ်ဖွဲ့ဝင်များသည် ဥပဒေအရ ကျွန်းပေါ်တက်ပြီး စစ်ဆေးဖြေရှင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် Tiexian Reef အပါအဝင် နန်ရှားကျွန်းစုနှင့် ၎င်းတို့၏ ပတ်ဝန်းကျင် ရေပြင်တွင် မငြင်းသာသော အချုပ်အခြာအာဏာပိုင်ခွင့် ရှိပြီး ယင်းသည်လည်း လုံလောက်သော သမိုင်းကြောင်းနှင့် ဥပဒေဆိုင်ရာအထောက်အထားရှိကြောင်း၊ ဖိလစ်ပိုင်၏ လုပ်ရပ်များသည် တရုတ်နိုင်ငံ၏ ပိုင်နက်အချုပ်အခြာအာဏာကို ထိပါးခြင်း ဖြစ်ပြီး တောင်ပင်လယ် ဘက်အသီးသီး လုပ်ဆောင်ချက်ကြေညာစာတမ်းကို ချိုးဖောက်ခြင်း ဖြစ်ကာ တောင်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေခြင်း ဖြစ်၍ တရုတ်နိုင်ငံက ပြတ်သားစွာ ဆန့်ကျင်ကြောင်း၊  ဖိလစ်ပိုင်အား ၎င်း၏ အချုပ်အခြာအာဏာထိပါးမှုကို ချက်ချင်းရပ်တန့်ရန် မိမိတို့ တိုက်တွန်းကြောင်း၊ တရုတ်ပင်လယ် ကမ်းခြေစောင့်  တပ်ဖွဲ့သည်  သက်ဆိုင်ရာ ဥပဒေနှင့်အညီ တရုတ်နိုင်ငံ၏ စီရင်ပိုင်ခွင့်အောက်ရှိ ရေပြင်တွင် အခွင့်အရေးထိန်းသိမ်းကာကွယ်ရေးလှုပ်ရှားမှုများကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။