အမျိုးမျိုးသော မူဝါဒများနှင့် အစီအမံများကို ထိရောက်သောရလဒ်များဖြင့် အကောင်အထည်ဖော်ခဲ့ပြီး တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်သည် ဆက်လက်တိုးတက်နေ

(GMT+08:00)2024-03-22 14:25:58  

မတ်လ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ကော်မရှင်အဖွဲ့များမှ တာဝန်ရှိသူများက လတ်တလော ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ အချက်အလက်များနှင့် မူဝါဒများအခြေအနေကို မိတ်ဆက်ပေးခဲ့ပါသည်။ သက်ဆိုင်ရာ အချက်အလက်များအရ တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုနှုန်း အရှိန်မြင့်လာခြင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် တိုးများလာခြင်း၊ ငွေကြေးမူဝါဒ ထိရောက်မှုရှိလာခြင်း၊ ချေးငွေ တိုးတက်မှုနှုန်း ကျိုးကြောင်းဆီလျော်သော အဆင့်တွင် ဆက်လက် ရှိနေကြောင်း၊ အမျိုးမျိုးသောမူဝါဒများနှင့် အစီအမံများကို ထိရောက်စွာ အကောင်အထည်ဖော်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်သည် ဆက်လက်တိုးတက် လျက်ရှိကြောင်း သိရပါသည်။