ပထမ နှစ်လအတွင်း တရုတ်နိုင်ငံတစ်ဝန်း၌ အွန်လိုင်းလက်လီရောင်းချမှု ပမာဏ တရုတ်ငွေယွမ် ဘီလီယံ ၂၁၅၀ရှိပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၁၅.၃ ရာခိုင်နှုန်း တိုးလာ

(GMT+08:00)2024-03-22 14:25:14  

တရုတ်နိုင်ငံ အီလက်ထရွန်နစ် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို မိတ်ဆက်ပြောကြားရာတွင် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန အီလက်ထရွန်နစ် ကုန်သွယ် ရေး ဦးစီးဌာနမှ တာဝန်ရှိသူက ၂၀၂၄ခုနှစ် ပထမ နှစ်လအတွင်း တရုတ်နိုင်ငံ အီလက်ထရွန်နစ်ကုန်သွယ်ရေးသည် စားသုံးမှုတိုးမြင့်စေရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးနယ်ပယ်၌ ကောင်းမွန်သောအစပြုမှုကို အကောင်အထည်ဖော်ခဲ့ကြောင်း ပြောကြားသည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်မှ မတ်လ ၂၁ရက်နေ့ထုတ်သတင်းအရ သိရပါသည်။

ယခုနှစ် ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံတစ်ဝန်း၌ အွန်လိုင်း လက်လီရောင်းချမှု ပမာဏမှာ တရုတ်ငွေယွမ် ဘီလီယံ ၂၁၅၀ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၅.၃ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ၎င်းအနက် ကုန်ပစ္စည်း ဆိုင်ရာ အွန်လိုင်းလက်လီရောင်းချမှု ပမာဏမှာ တရုတ်ငွေယွမ် ဘီလီယံ ၁၈၂၀ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၄.၄ ရာခိုင်နှုန်း တိုးများလာကြောင်း သတင်းရရှိပါသည်။