ကုလသမဂ္ဂ အထွေထွေညီလာခံမှ ၂၀၂၅ခုနှစ် ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အဖြစ် ကြေညာ

(GMT+08:00)2024-03-22 14:27:43  

မတ်လ ၂၁ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံသည် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ပြီး ၂၀၂၅ခုနှစ်ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အဖြစ် သတ်မှတ်ရန် ကြေညာခဲ့ပါသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေးတိုးတက်ရေးအတွက် တန်ဖိုးအမြင်တစ်ခုအနေဖြင့် နိုင်ငံတကာမိသားစုကြီး အား ဘက်ပေါင်းစုံ ပါဝင်မှု ရှိသော ဆွေးနွေးမှုနှင့် ညှိနှိုင်းတိုင်ပင်မှုတို့ဖြင့် ပဋိပက္ခများကို ဖြေရှင်းခြင်းနှင့် နိုင်ငံတကာဆက်ဆံရေးတွင် ငြိမ်းချမ်းရေးနှင့် ယုံကြည်မှု ခိုင်မာစေရေး အာမခံပေးခြင်းတို့ကို ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါသည်။