တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သစ်တောသယံဇာတ အလျင်မြန်ဆုံး တိုးပွားနေတဲ့ နိုင်ငံဖြစ်လာ

(GMT+08:00)2024-03-22 14:27:05  

မတ်လ ၂၁ ရက်နေ့သည် ၁၂ နှစ်မြောက် နိုင်ငံတကာသစ်တောများနေ့ဖြစ်သည်။ မကြာသေးမီနှစ်များ အတွင်း တရုတ်နိုင်ငံသည် အရည်အသွေးမြင့် စိမ်းလန်းစိုပြည်ရေးကို ဆက်လက်မြှင့်တင်ခဲ့ပြီး သစ်တောဧရိယာသည် လွန်ခဲ့သည့် ၁၀နှစ်က တရုတ်မို ၃.၁၂ ဘီလီယံရှိရာမှ လက်ရှိတွင် ၃.၄၆၅ ဘီလီယံအထိ တိုးလာခဲ့ကြောင်း၊ သစ်တောလွှမ်းခြုံမှုနှုန်းသည် ၂၁.၆၃% မှ ၂၄.၀၂% သို့ တိုးလာသည်။ အတိုင်းအတာကြီးမားသော နိုင်ငံတော်နယ်မြေ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကို ဆောင်ရွက်သဖြင့် တရုတ်နိုင်ငံသည် လွန်ခဲ့သည့် အနှစ် ၂၀ခန့် အတွင်း ကမ္ဘာအတွက် စိမ်းလန်းစိုပြည်သော ဧရိယာ အသစ်တိုးပွားမှု ပမာဏ ၏ 1/4 ခန့်ကို ပံ့ပိုးပေးခဲ့ပြီး သစ်တောသယံဇာတများ အလျင်မြန်ဆုံး တိုးပွားသည့် နိုင်ငံဖြစ်လာခဲ့သည်။