တရုတ်နိုင်ငံ ကိုယ်တိုင် သုတေသနပြုထုတ်လုပ်သော ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး မြို့တွင်းရထားသည် သတ်မှတ်သောအရှိန်ဖြင့် အောင်မြင်စွာစမ်းသပ်ပြေးဆွဲ

(GMT+08:00)2024-03-22 14:26:37  

မတ်လ ၂၁ရက်နေ့နံနက်ပိုင်းက CRRC Changchun Railway Vehicles Co., Ltd မှ ကိုယ်တိုင်သုတေသနပြု ထုတ်လုပ်ထားသော တရုတ်နိုင်ငံ၏ပထမဆုံး ဟိုက်ဒရိုဂျင် စွမ်းအင်သုံး မြို့တွင်းရထားသည် Changchunမြို့ရှိ ရထားစမ်းသပ်ရေးလိုင်းပေါ်တွင် စမ်းသပ်ပြေးဆွဲခဲ့ပါသည်။ ယင်းရထားသည် တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ အရှိန်ဖြင့် အောင်မြင်စွာ ဝန်အပြည့်လည်ပတ်နိုင်ခဲ့ပါသည်။ စနစ်အပြည့်၊ မြင်ကွင်းအပြည့်၊ အဆင့်များစွာသော စွမ်းဆောင်ရည်စိစစ်မှုများကို အကောင်အထည်ဖော်ပြီး ဟိုက်ဒရိုဂျင် စွမ်းအင်ကို ရထားပို့ဆောင်ရေးနယ်ပယ်၌ အသုံးပြုရာတွင် ထိုးဖောက်ကျော်လွှားမှုသစ်ရရှိ သည်ဟု ဖော်ပြထား ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။