နေတိုးအဖွဲ့ကို ယူကရိန်း ပါဝင်ရန် နေတိုးအဖွဲ့ဝင်နိုင်ငံများက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု နေတိုးစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဆို

(GMT+08:00)2024-03-22 14:30:15  

    နေတိုးစစ်ရေး ကော်မရှင်ဥက္ကဋ္ဌ ရော့ ပါဝါသည် ယူကရိန်းနိုင်ငံ ကိက်ဗ်သို့ သွားရောက်ခရီး လှည့်လည်ပြီး ၂၁ ရက်နေ့က ကျင်းပခဲ့သော ၁၆ ကြိမ်မြောက် ကိယက်ဗ်လုံခြုံရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်း ပြောကြားရာ၌ နေတိုးအဖွဲ့ကို ယူကရိန်း ပါဝင်ရန် နေတိုးအဖွဲ့ဝင်နိုင်ငံများက အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်ဟု ယူကရိန်း အမျိုးသားသတင်းဌာနမှ ၂၁ ရက်နေ့ထုတ်သတင်းအရသိရပါသည်။