ခေတ်သစ်၌ တရုတ်နိုင်ငံ အလယ်ပိုင်းဒေသများ ထွန်းကားစေရေးဆိုင်ရာ ဆွေးနွေးပွဲကို ရှီကျင့်ဖိန် ဦးစီးကျင်းပ

(GMT+08:00)2024-03-21 13:17:20  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မတ်လ ၂၀ရက်နေ့ ညနေပိုင်းတွင် ဟူနန်ပြည်နယ် ချန်ဆာမြို့မှာ ခေတ်သစ်၌ တရုတ်နိုင်ငံအလယ်ပိုင်းဒေသများ ထွန်းကား စေရေးဆိုင်ရာ ဆွေးနွေးပွဲကို ဦးစီးကျင်းပပြီး အရေးကြီးမိန့်ခွန်းပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန် က အလယ်ပိုင်းဒေသများသည် တရုတ်နိုင်ငံ၏ အရေးကြီးသော စားနပ်ရိက္ခာ ထုတ်လုပ်ရေးစခန်း၊ စွမ်းအင်ကုန်ကြမ်းစခန်း၊ ခေတ်မီစက်ကိရိယာများ ထုတ်လုပ်ရေးနှင့် အဆင့်မြင့်နည်းပညာကုန်ထုတ်လုပ်ငန်းစခန်းနှင့် အထွေထွေလမ်းပန်းဆက်သွယ်ရေး ဗဟို အချက်အချာ ဖြစ်သဖြင့် တစ်နိုင်ငံလုံးတွင် အရေးပါသော အနေအထားရှိကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ အလယ်ပိုင်းဒေသများ ထွန်းကားစေရေး မူဝါဒ နည်းလမ်းများကို တစိုက်မတ်မတ် ကျင့်သုံးဆောင်ရွက်ပြီး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်သော စုပေါင်းအင်အားကို ဖြစ်ပေါ်လာစေကာ တရုတ်အသွင်ပုံစံခေတ်မီရေး တည်ဆောက်မှုတွင် အလယ်ပိုင်းဒေသများ ထွန်းကားလာသည့် အခန်းကဏ္ဍသစ်ကို ကြိုးပမ်းဖွင့်လှစ်ပေးရကြောင်း ပြောကြားခဲ့ပါသည်။