ရှီကျင့်ဖိန်သည် အင်ဒိုနီးရှား သမ္မတ Prabowo Subianto ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-03-21 13:21:14  

ယခုလ ၂၀ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် Prabowo Subianto ထံသို့ သဝဏ်လွှာပေးပို့ပြီး အင်ဒိုနီးရှားနိုင်ငံသမ္မတအဖြစ် အရွေးခံရခြင်းအပေါ် ဂုဏ်ပြု ကြောင်း ဖော်ပြခဲ့ပါသည်။

 ရှီကျင့်ဖိန်က တရုတ်- အင်ဒိုနီးရှားနှစ်နိုင်ငံတို့သည် အစဉ်အလာချစ်ကြည်ရေးရှိသော အိမ်နီးချင်းများဖြစ်ပြီး၊ မိမိအနေနှင့် နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုများပြားသော ချမ်းသာသုခကို ဖန်တီးပေးရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ သာယာဝပြောရေးနှင့် တည်ငြိမ်ရေးတွင် ခိုင်မာအားကောင်းသော တွန်းအားထည့်သွင်းရန် အတွက် သမ္မတ Prabowoနှင့် အတူကြိုးပမ်းကြရန် မျှော်လင့်ပါကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။