နိုင်ငံအချို့မှ ဟောင်ကောင်ဆိုင်ရာ “အမျိုးသားလုံခြုံမှု ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ”ကို သားပုပ်လေလွင့်ပြောဆိုခြင်းနှင့် ဂုဏ်ရောင်မှေးမှိန်စေခြင်းအပေါ် ပြတ်ပြတ်သားသား ဆန့်ကျင်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2024-03-21 13:19:48  

မတ်လ ၂၀ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်သည် ပုံမှန် သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။ လင်ကျန့်က နိုင်ငံနှင့် အဖွဲ့အစည်းအချို့မှ ဟောင်ကောင်ဆိုင်ရာ “အမျိုးသားလုံခြုံမှု ထိန်းသိမ်းစောင့် ရှောက်ရေးဥပဒေ”ကို သားပုပ်လေလွင့်ပြောဆိုခြင်းနှင့် ဂုဏ်ရောင်မှေးမှိန်စေခြင်းအပေါ်  တရုတ်နိုင်ငံသည် ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်မိပြီး၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ဥပဒေပြုရေးကောင်စီသည် ကန့်ကွက်မဲမရှိဖြင့် “အမျိုးသား လုံခြုံမှုထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ”ကို အတည်ပြု ခဲ့ပြီး၊ အမျိုးသားလုံခြုံမှုကို ထိန်းသိမ်းစောင့်ရှောက်ရန် ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တာဝန်များကို တစ်ဆင့်တက် လက်တွေ့ ဖော်ဆောင်ပြီး၊  ဟောင်ကောင်ဖွံ့ဖြိုးမှုအတွက် လုံခြုံရေး ဆိုင်ရာ အခြေခံအုတ်မြစ် တစ်ဆင့်တက် ခိုင်မာစေကာ၊ ခေတ်ကာလသစ်နှင့် ခရီးစဉ်သစ်တွင် “နိုင်ငံတစ်နိုင်ငံ စနစ်နှစ်မျိုး”အရေးတော်ပုံဖွံ့ဖြိုးရေးဖြစ်စဉ်တွင် အရေးကြီးသော မှတ်တိုင်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။