သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုသည် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အဓိက အကျဆုံး အချက် ဖြစ်သည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2024-03-21 16:31:00  

    ယခုလ ၂၁ရက်နေ့ နံနက်ပိုင်း၌ ဟူနန်ပြည်နယ်ကို စစ်ဆေးကြည့်ရှုလေ့လာရာတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်က သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုသည် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အဓိက အကျဆုံး အချက် ဖြစ်ကြောင်း၊ ဟူနန်ပြည်နယ်သည် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးအား နက်ရှိုင်းစွာ ရောနှောပေါင်းစပ်မှုကို တွန်းအားပေးပြီး ယဉ်ကျေးမှု ဆိုင်ရာ လုပ်ငန်းတာဝန်ကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်ကာ တရုတ် အမျိုးသား ခေတ်မီ ယဉ်ကျေးမှု ထူထောင်ရေးတွင် စွမ်းဆောင်မှုသစ်များ ပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။