အနောက်နိုင်ငံ လူအချို့မှ ဝင်ရောက်စွက်ဖက်ပြောဆိုခြင်းသည် ဟောင်ကောင်၏ ဖွံ့ဖြိုးတိုးတက်မှုကို မတားဆီးနိုင်

(GMT+08:00)2024-03-21 16:30:38  

ယခုလ ၁၉ရက်နေ့တွင် ဟောင်ကောင် အထူး အုပ်ချုပ်ရေး ဒေသ ဥပဒေပြုရေး ကောင်စီက ထောက်ခံမဲ ရာနှုန်းပြည့်ဖြင့် နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေကို အတည်ပြုခဲ့ပြီးနောက် ဥရောပ သမဂ္ဂ ကောင်စီ၊ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ကင်မရွန်း အပါအဝင် အနောက် နိုင်ငံမှ လူအချို့က ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေသည် လွတ်လပ်မှုကို အရှိန်မြှင့် တိုက်စားနေကြောင်း ပုတ်ခတ်ပြောဆိုပြီး ဟောင်ကောင်၏ စီးပွားရေး လုပ်ကိုင်မှု ပတ်ဝန်းကျင် အပေါ်မယုံသင်္ကာ ဖြစ်မှုဆိုသည်ကို ဖော်ပြခဲ့ပါသည်။

ကမ္ဘာပေါ်က နိုင်ငံအားလုံးနီးပါးသည် နိုင်ငံတော် လုံခြုံရေး ဆိုင်ရာ ဥပဒေပြုရေး အပေါ် အလေးထားခြင်း ဖြစ်ပါသည်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမီ၊ ကနေဒါနှင့် ဩစတြေးလျစသည့် အနောက် နိုင်ငံများသည် တင်းကျပ်သော နိုင်ငံတော် လုံခြုံရေး ဥပဒေများကို ချခဲ့ပါသည်။ ယင်းသည် နိုင်ငံတကာ အစဉ်အလာ ဖြစ်ပါသည်။ အဘယ်ကြောင့် ဟောင်ကောင် ဆိုင်ရာနိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေအတည်ပြုခြင်း သည် အခွင့်အရေးနှင့် လွတ်လပ်မှုကို ထိခိုက်စေသနည်း။ ၄င်းပြောဆိုချက်သည် ဟန်ဆောင်ထားမှုနှင့် စံချိန် ၂မျိုး ကျင့်သုံးမှု ဖြစ်ပါသည်။

အမှန်တကယ်တော့ လူ့အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေး အချက်အလက်များကို  “နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေတစ်ခုလုံးတွင် အစမှ အဆုံး ထည့်သွင်းရေးသား ထားပါသည်။ ၄င်းဥပဒေချမှတ်သည့် ရည်ရွယ်ချက်မှာ နိုင်ငံတော် လုံခြုံရေး အပေါ် ထိခိုက်စေသော ဥပဒေဖောက်ဖျက်သူနှင့် ပြစ်မှုကျူးလွန်သူ အနည်းစုကို တိုက်ဖျက်ရန် ရည်ရွယ်ထားပါသည်။ ဟောင်ကောင်သူ ဟောင်ကောင်သား အများစုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အတွက် ယင်းဥပဒေသည် ၄င်းတို့၏ အခွင့်အရေး၊ လွတ်လပ်မှု၊ ပိုင်ဆိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးသူ ဖြစ်ပါသည်။ လုံခြုံရေးသည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုတင်လိုအပ်ချက် ဖြစ်ပါသည်။ ၄င်းဥပဒေသည် လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ပေးသည့် အပြင် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိန်းသိမ်းကာကွယ်ပေး ပါသည်။

အနောက်နိုင်ငံ လူအချို့မှ ဝင်ရောက်စွက်ဖက်ပြောဆိုခြင်းသည် ဟောင်ကောင်၏ ဖွံ့ဖြိုးတိုးတက်မှုကို မတားဆီးနိုင်ပါ။ အရည်အသွေးမြင့် လုံခြုံရေးဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို အာမခံပေးခြင်းရှိလျှင် ဟောင်ကောင်၏ အနာဂတ်သည် ပိုမိုကောင်းမွန်ကာ ကမ္ဘာ အတွက် ပိုမိုများပြားသည့် အခွင့်အလမ်းများ ဆောင်ကြဉ်းလာမည် ဖြစ်ပါသည်။