တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေး သင်္ဘောတစ်စင်း ဂျပန်နိုင်ငံ အနောက်ဘက် ပင်လယ်မှာ တိမ်းမှောက်ပြီး သင်္ဘောပေါ်တွင် တရုတ် သင်္ဘောသား တစ်ဦးပါရှိကြောင်းသိရ

(GMT+08:00)2024-03-21 13:18:06  

ဂျပန်မီဒီယာ၏ ထုတ်ပြန်ချက်အရ ဓာတုဗေဒပစ္စည်းများတင်ဆောင်ထားသည့် တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေး သင်္ဘောတစ်စင်းသည် ယခုလ ၂၀ရက်နေ့ နံနက်ပိုင်းက ဂျပန်နိုင်ငံ အနောက်ဘက် ပင်လယ်ရပ်ဝန်းတွင် တိမ်းမှောက်၍ သင်္ဘောသား၁၀ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁ဦးပျောက်ဆုံးနေကြောင်း၊ ဖူကူအိုရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ထုတ်ပြန်ချက်အရ သင်္ဘောပေါ်တွင် တရုတ် သင်္ဘောသား တစ်ဦးပါရှိကြောင်း၊ ကောင်စစ်ဝန်ချုပ်ရုံးသည် အရေးပေါ် ကိုင်တွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။