အီးယူက ယူကရိန်းကို ယူရို ၄.၅ ဘီလီယံ ကူညီထောက်ပံ့ပေးသည်ဟု ပိုရီလ်ဆို

(GMT+08:00)2024-03-21 13:18:41  

ဒေသစံတော်ချိန် ယခုလ ၂၀ရက်နေ့က အီးယူနိုင်ငံခြားရေးနှင့် လုံခြုံရေးပေါ်လစီအဆင့်မြင့် ကိုယ်စားလှယ် ပိုရီလ်နှင့်  ယူကရိန်းဝန်ကြီးချုပ်ရှီမေကျာလ်တို့သည် အီးယူ-ယူကရိန်းအသင်း ကောင်စီ အစည်းအဝေးကို အတူတကွကြီးမှူးကျင်းပခဲ့ကြောင်း၊ အစည်းအဝေးကျင်းပပြီးစီး၍ သတင်းစာ ရှင်းလင်းပွဲ၌ အီးယူအဖွဲ့ဝင်နိုင်ငံများသည် ယခုနှစ်တွင် ယူကရိန်းကို ယူရို   ဘီလီယံ ၂၀ကို ကူညီထောက်ပံ့ပေးမည်ဟု ကတိပြုခဲ့ကြောင်း၊ ၂၀၂၇ခုနှစ်မတိုင်မီ အီးယူမှ ယူကရိန်းကို ယူရို ဘီလီယံ၅၀ ကူညီထောက်ပံ့ပေးရေး အစီအစဉ်အရ အီးယူက ယူကရိန်းကို ပထမဆုံးအကူအညီ ယူရို ၄.၅ဘီလီယံကို ထောက်ပံ့ပေးပြီဖြစ်သည်ဟု ပိုရီလ်က ပြောကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။