ဒိုမီနီကာနိုင်ငံဝန်ကြီးချုပ် Roosevelt Skerrit တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မည်

(GMT+08:00)2024-03-21 13:17:40  

မတ်လ ၂၀ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ဒိုမီနီကာနိုင်ငံဝန်ကြီးချုပ် Roosevelt Skerrit သည် တရုတ်နိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်မည့်သတင်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က ယခုနှစ်သည် တရုတ်နှင့် ဒိုမီနီကာနှစ်နိုင်ငံအကြား သံတမန်အဆက်အသွယ်ထားရှိသည့် အနှစ် ၂၀ ပြည့်မြောက် သည့်နှစ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဝန်ကြီးချုပ် Roosevelt Skerrit အား ယခု အထူးအချိန်တွင် တရုတ်နိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်ရန် ကြိုဆိုကြောင်း၊ နှစ်နိုင်ငံအကြား သံတမန်အဆက်အသွယ်ထားရှိသည့် အနှစ် ၂၀ အတွင်းတွင် တရုတ်- ဒိုမီနီကာဆက်ဆံရေးသည် ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံကြီးနှင့် နိုင်ငံငယ် အကြား တစ်ဦးကို တစ်ဦးက လေးစားခြင်း၊ တန်းတူညီမျှခြင်းနှင့် အပြန်အလှန် အကျိုး ရှိစေခြင်း၊ အတူတကွဖွံ့ဖြိုးတိုးတက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်အကျိုး ရှိစေခြင်း၏ စံနမူနာများ ဖြစ်လာကြကြောင်း၊ ဝန်ကြီးချုပ် Roosevelt Skerrit ၏ ယခုအကြိမ်တရုတ်ခရီးစဉ်ဖြင့် နှစ်နိုင်ငံအကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို တစ်ဆင့်တက်တိုးပွားစေပြီး နယ်ပယ်အသီးသီးတွင် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုနက်ရှိုင်းစေကာ တရုတ်-ဒိုမီနီကာ အစဉ်အလာချစ်ကြည်ရေးကို ပိုမိုခိုင်မာလာစေ၍ တရုတ်-ဒိုမီနီကာဆက်ဆံရေး အဆင့်ကဏ္ဍသစ်သို့ ဝင်ရောက်စေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။