ကင်ဂျုံအန်းသည် အသံထက်မြန်သောဒုံးကျည် အင်ဂျင်စက်နှိုး စမ်းသပ်ပွဲကို ညွှန်ကြား

(GMT+08:00)2024-03-21 13:16:59  

မတ်လ ၁၉ရက်နေ့က မြောက်ကိုရီးယားနိုင်ငံသည် အသံထက်မြန်သောဒုံးကျည် အင်ဂျင်စက်နှိုး စမ်းသပ်ပွဲကို ကျင်းပခဲ့ကြောင်း၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းသည် စမ်းသပ်ပွဲသို့ ကွင်းဆင်းညွှန်ကြားခဲ့ကြောင်း မြောက်ကိုရီးယား ဗဟို သတင်းဌာနမှ ၂၀ရက်နေ့ထုတ် သတင်းအရ သိရပါသည်။

မြောက်ကိုရီးယားဗဟိုသတင်းဌာနမှ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယား ဒုံးကျည် ဌာနချုပ်သည် အဆိုပါစမ်းသပ်ပွဲကို ကျင်းပပြီး အောင်မြင်မှုရရှိခဲ့ကြောင်း၊ ကင်ဂျုံအန်းက မြောက်ကိုရီးယား၏လုံခြုံရေးပတ်ဝန်းကျင် နှင့် ပြည်သူ့တပ်မတော် စစ်ဆင်ရေးလိုအပ်ချက် စသောရှုထောင့်များမှနေ ပြောလျှင် ယင်းလက်နက်စနစ်သည် အရေးကြီးစစ်ရေးမဟာဗျူဟာ တန်ဖိုးရှိပြီး ၎င်း၏အရေးကြီးပုံသည် တိုက်ချင်းပစ် ဒုံးခွင်းဒုံးကျည်ထက် မနည်းဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။