EU ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်- ချိပ်ပိတ်နေသော ရုရှားပိုင်ဆိုင်မှုများမှ အမြတ်ငွေများကို ယူကရိန်းအား ထောက်ပံ့မှုတွင် အသုံးပြုရန် အကြံပေး

(GMT+08:00)2024-03-20 15:53:43  

ဒေသစံတော်ချိန် ယခုလ ၁၉ ရက်နေ့တွင် EU ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ ဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Borrell က ချိပ်ပိတ်နေသော ရုရှား ပိုင်ဆိုင်မှုများမှ အမြတ်ငွေ ၉ဝ ရာခိုင်နှုန်းကို "ဥရောပငြိမ်းချမ်းရေး ရန်ပုံငွေ" မှတစ်ဆင့် ယူကရိန်းအတွက် လက်နက်များ ဝယ်ယူရန်နှင့် ကျန်သည့် ၁၀ ရာခိုင်နှုန်း ကို EU ဘတ်ဂျက်သို့ လွှဲပြောင်းပြီး ယူကရိန်း ကာကွယ်ရေးစက်မှုလုပ်ငန်းစွမ်းရည်မြှင့်တင်ရန် အဆိုပြုခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။