အဆင့်အတန်းမြင့်မားသော နိုင်ငံခြားသို့ တံခါးဖွင့်ရေးကို ဇောက်ချပြုလုပ်ပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို တစ်ဆင့်တိုး ဆွဲဆောင်အသုံးပြုရေးဆိုင်ရာ ဆောင်ရွက်မှုအစီအစဉ်ကို တရုတ် နိုင်ငံတော်ကောင်စီရုံး ပုံနှိပ်ထုတ်ဝေ

(GMT+08:00)2024-03-20 13:46:49  

မကြာသေးမီက တရုတ်နိုင်ငံတော်ကောင်စီရုံးသည် အဆင့်အတန်းမြင့်မားသော နိုင်ငံခြားသို့ တံခါးဖွင့်ရေးကို ဇောက်ချပြုလုပ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တစ်ဆင့်တိုး ဆွဲဆောင်အသုံးပြုရေးဆိုင်ရာ ဆောင်ရွက်မှုအစီအစဉ်ကို ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ အဆိုပါ ဆောင်ရွက်မှုအစီအစဉ်တွင် နိုင်ငံခြားကုန်သည်များ၏ ရင်းနှီးမြှုပ်နှံမှုများသည် တရုတ် အသွင်ပုံစံခေတ်မီရေးတည်ဆောက်မှုတွင် ပါဝင်ရန်၊ တရုတ်စီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေး အတူတကွ စည်ပင်ဝပြောဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသော အင်အားဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တစ်ဆင့်တိုး ဆွဲဆောင်အသုံးပြုရာတွင် ရှီကျင့်ဖိန် ၏ ခေတ်သစ် တရုတ်ထူးခြားချက် လက္ခဏာပါရှိသော ဆိုရှယ်လစ်ဝါဒကို လမ်းညွှန်ချက် အဖြစ်ထားပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်သစ်ကို အပြည့်အဝမှန်ကန်စွာ ဘက်စုံ အကောင်အထည်ဖော်ကာ ဈေးကွက်နှင့် လိုက်လျောညီထွေမှု၊ တရားဥပဒေနှင့် အညီ စီမံအုပ်ချုပ်မှု၊ နိုင်ငံတကာ တပြေးညီဖြစ်တည်မှု ရှိသော စီးပွားကုန်သွယ်ရေး လည်ပတ်မှုပတ်ဝန်းကျင်ကို ဖန်တီး၍ တရုတ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်ရန် ယုံကြည်စိတ်ကို ပိုမိုခိုင်မာလာစေကြောင်း ဖော်ပြထားပါသည်။