ဂါဇာမြောက်ပိုင်းသို့ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရေးကို တွန်းအားပေးရန် ကုလသမဂ္ဂအဖွဲ့အစည်းက တောင်းဆို

(GMT+08:00)2024-03-20 16:21:30  

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတွင် အစ္စရေး၏ ဆက်လက်ပိတ်ဆို့ထားမှုကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို ဂါဇာကမ်းမြောင်သို့ ပို့ဆောင်ရန် ခက်ခဲနေပါသည်။ မတ်လ ၁၈ရက်နေ့တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ အစီရင်ခံစာတစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ ဂါဇာကမ်းမြောင် မြောက်ပိုင်းတွင် အငတ်ဘေး အချိန်မရွေး ဖြစ်ပွားနိုင်ကြောင်း ဖော်ပြခဲ့ပါသည်။

မတ်လ ၁၉ရက်နေ့တွင် ကုလသမဂ္ဂ အဖွဲ့အစည်းများက နိုင်ငံတကာ မိသားစုကြီးအား ထောက်ပံ့ရေးပစ္စည်းများကို ဂါဇာကမ်းမြောင်မြောက်ပိုင်းသို့ ပို့ဆောင်ရေး တွန်းအားပေးပြီး  ဂါဇာမြောက်ပိုင်းတွင် ငတ်မွတ်ခေါင်းပါးမှု မဖြစ်ပွားအောင် ဆောင်ရွက်ပါရန် တိုက်တွန်းခဲ့ပါသည်။