တရုတ်နှင့်နယူးဇီလန် ဆက်ဆံရေးသည် ကောင်းမွန်သော အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးနေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2024-03-20 13:48:07  

မတ်လ ၁၉ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်သည် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နယူးဇီလန်သို့ တရားဝင်ခရီးလှည့်လည်ခြင်းဆိုင်ရာ အခြေအနေကို  မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် နယူးဇီလန်ဝန်ကြီးချုပ်လာခ်စိန်၊ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဘီတယ်စ်နှင့် တွေ့ဆုံဆွေးနွေးပြီး ကုန်သွယ်ရေးဝန်ကြီးတို့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ တရုတ်နှင့်နယူးဇီလန်  သံတမန် ဆက်ဆံမှု ထားရှိကတည်းက နှစ်နိုင်ငံ ဆက်ဆံမှုသည် ကောင်းမွန်သော အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလျက်ရှိကြောင်း၊ အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်နားလည်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပြည်သူများကို အကျိုးပြုခြင်းသည် တရုတ်-နယူးဇီလန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးဝင်သော အတွေ့အကြုံများ ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဝမ်ယိမှ ပြောကြားကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။