စားနပ်ရိက္ခာလုံခြုံမှုကို ရှီကျင့်ဖိန်၏ စိတ်ထဲတွင် “တိုင်းပြည်၏ အရေးအကြီးဆုံးသော ကိစ္စတစ်ခု”အဖြစ် အမြဲ အာရုံစိုက်

(GMT+08:00)2024-03-20 13:45:09  

မတ်လ ၁၉ ရက်နေ့ညနေပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ချန်တယ်မြို့ တင်ချင်မြို့နယ် ရှယ်ကျားဖူခရိုင်ရှိ ဧက ၁ သောင်း ကျယ်ပြန့်သော စပါးစိုက်ပျိုးထုတ်လုပ်ရေး သရုပ်ပြဇုန်သို့ သွားရောက်ပြီး စပါးစိုက်ခင်းများနှင့် ပျိုးပင်များ စိုက်ပျိုးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှီကျင့်ဖိန်က စပါးစိုက်တောင်သူများ၊ လယ်ယာစိုက်ပျိုးရေး ပညာရှင်များ၊ အောက်ခြေ ကေဒါများ၊ ရွာသူရွာသားများနှင့် ရင်းရင်းနှီးနှီး ဖလှယ်ခဲ့ကြပြီး နွေဦးရာသီထွန်ယက် ပြင်ဆင်မှုဆိုင်ရာ အခြားအခြေအနေများကို အသေးစိတ်မေးမြန်းခဲ့ပါသည်။ စားနပ်ရိက္ခာလုံခြုံမှုကို ရှီကျင့်ဖိန်၏ စိတ်ထဲတွင် “တိုင်းပြည်၏ အရေးအကြီးဆုံးသော ကိစ္စတစ်ခု”အဖြစ် အမြဲ အာရုံစိုက်ပါသည်။