တောင်ကိုရီးယားဆရာဝန်များ “ရာထူးမှ နုတ်ထွက်မှုလှိုင်း” ဆက်လက်ဖြစ်ပေါ်နေပြီး အစိုးရသည် လုပ်ငန်းခွင်မှ နုတ်ထွက်သောဆရာဝန်များ၏ လိုင်စင်များကို ပထမဆုံးအကြိမ် ရုတ်သိမ်း

(GMT+08:00)2024-03-20 16:24:29  

    မတ်လ ၁၈ရက်နေ့က တောင်ကိုရီးယားမီဒီယာမှသတင်းအရ တောင်ကိုရီးယား ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီးဌာနသည် တောင်ကိုရီးယား ဆရာဝန်များအသင်းမှ အရာရှိ၂ဦးထံသို့ ၎င်းတို့၏ဆရာဝန်လိုင်စင်များ ရုတ်သိမ်းရန် နောက်ဆုံး အသိပေးချက်ကို ထုတ်ပြန်ပြီဖြစ်ကြောင်း၊ ယင်းသည် တောင်ကိုရီးယားအစိုးရက ယခုအကြိမ် ဆရာဝန်များ “ရာထူးမှ နုတ်ထွက်မှုလှိုင်း” စတင်လာပြီးနောက် လုပ်ငန်းခွင်မှ နုတ်ထွက်သော ဆရာဝန်များ၏ လိုင်စင်များကို ပထမဆုံးအကြိမ် တရားဝင်ရုပ်သိမ်းခြင်းဖြစ်ကြောင်း သိရပါသည်။