၂၀၂၄ခုနှစ် Zhong guan cun ဖိုရမ်ကို ဧပြီလ ၂၅ ရက်နေ့တွင် ကျင်းပမည်

(GMT+08:00)2024-03-20 15:54:22  

တရုတ်နိုင်ငံတော်ကောင်စီ၏ ခွင့်ပြုချက်အရ ၂၀၂၄ခုနှစ် Zhong guan cun ဖိုရမ်ကို ဧပြီလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ အသစ်တည်ဆောက်ပြီးစီးထားသော အမြဲတမ်းနေရာ ၌ ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ပါသည်။ ယခုနှစ်ဖိုရမ်၏ အဓိကဆောင်ပုဒ်မှာ          "ဆန်းသစ်တီထွင်မှု- ပိုမိုကောင်းမွန်သောကမ္ဘာ တည်ဆောက်ခြင်း" ဖြစ်ပြီးနိုင်ငံတော်အဆင့် နှင့်  နိုင်ငံတကာ တစ်ပြေးညီ ဖြစ်တည်မှုကို ပိုမိုပေါ်လွင်စေမည် ဖြစ်ပါသည်။ ယခု အကြိမ် ဖိုရမ်သည် ထိရောက်မှုနှင့် ဦးဆောင်မှုကို ပိုမိုအလေးထားပြီး နိုင်ငံတကာ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးမှုခေတ်ရေစီးကြောင်းကို အာရုံစူးစိုက်သွားမည်ဟု ဆင်ဟွာသတင်း အရသိရပါသည်။