ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဥပဒေပြုရေးကောင်စီသည် “အမျိုးသားလုံခြုံမှု ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေ”ကို တညီတညွတ်တည်းအတည်ပြု

(GMT+08:00)2024-03-20 16:23:28  

မတ်လ ၁၉ရက်နေ့က ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဥပဒေပြုရေးကောင်စီ သည် တတိယအကျော့ ဖတ်ကြားဆွေးနွေးပွဲတွင် ထောက်ခံမဲ ၈၉မဲ၊ ကြားနေမဲ  နှင့် ကန့်ကွက်မဲ မရှိဖြင့် “အမျိုးသားလုံခြုံမှု ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေ”ကို အတည်ပြုခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုးခြင်း နှင့် ထုတ်ပြန်ခြင်း စသော အစီအစဉ်များဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာစည်းမျဉ်းဥပဒေသည် တရားဝင်အသက်ဝင် မည်ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ “အမျိုးသားလုံခြုံမှု ထိန်းသိမ်းစောင့်ရှောက် ရေး ဥပဒေ”သည် မတ်လ ၂၃ရက်နေ့တွင် ထုတ်ပြန်ပြီး အသက်ဝင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။