ဘာလီကျွန်းကမ်းခြေတွင် ပလပ်စတစ်အမှိုက်များ စုပုံနေသောကြောင့် အားလပ်ရက်မှာ "သုခဘုံ" သည် "ငရဲ" အဖြစ် ပြောင်းလဲသွား

(GMT+08:00)2024-03-20 13:45:58  

ဒေသစံတော်ချိန် မတ်လ ၁၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ဒန်ပါဆာဒေသတွင် ပလပ်စတစ် နှင့် အခြား အမှိုက်အပျက်အစီးများ ကျင်ဘာရန်ကမ်းခြေတွင် မျှောနေပါသည်။ မိုးရာသီတွင် မြစ်ချောင်းတစ်လျှောက်နှင့် ကမ်းရိုးတန်းဒေသများတွင် တရားမဝင် စွန့်ပစ်မှုများကြောင့် ပလတ်စတစ် စွန့်ပစ်ပစ္စည်း အများအပြားနှင့် အညစ်အကြေးများ မျှောပါလာကာ ပင်လယ်ရေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ပင်လယ်ပြင်တွင် ပလတ်စတစ်ညစ်ညမ်းမှု အဆိုးရွားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။