ကန်သင်္ဘောကို တိုက်ခိုက်ခဲ့သည်ဟု ယီမင်ဟူသီလက်နက်ကိုင်အဖွဲ့ ပြောကြား

(GMT+08:00)2024-03-20 16:32:33  

ယီမင်ဟူသီလက်နက်ကိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Yahya Sareaက မတ်လ ၁၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီမှာ အမေရိကန်သင်္ဘော Mado ထံသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
    အစ္စရေးတပ်ဖွဲ့က  သံသယရှိသော ပျံသန်းမှုတစ်ခု မတ်လ ၁၇ရက်နေ့ ညတွင် ပင်လယ်နီမှနေ အစ္စရေးနိုင်ငံပိုင်နက်လေကြောင်းသို့ ဝင်ရောက်လာပြီး Eilat မြောက်ပိုင်း ဟင်းလင်းပြင်သို့ ပြုတ်ကျသွားကာ လူသေဆုံးဒဏ်ရာရရှိမှု သို့မဟုတ် ပစ္စည်းဥစ္စာနစ်နာ ဆုံးရှုံးမှု မရှိ ကြောင်း ထိုနေ့တွင် ပြောကြားခဲ့ပါသည်။
    ၂၀၂၃ခုနှစ် အောက်တိုဘာလက ပါလက်စတိုင်း-အစ္စရေးအချင်းပွားမှု အသစ်တစ်ကြိမ် ဖြစ်ပွားပြီးနောက် ယီမင်ဟူသီလက်နက်ကိုင်အဖွဲ့သည် မောင်းသူမဲ့လေယာဉ်များနှင့် ဒုံးကျည်များဖြင့် ပင်လယ်နီရပ်ဝန်းရှိ ပစ်မှတ်များကို ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ ပါသည်။ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့မှစ၍ အမေရိကန်နှင့် ဗြိတိန်နှစ်နိုင်ငံတို့သည် ဟူသီလက်နက်ကိုင်အဖွဲ့မှ ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြသဖြင့် လူသေဆုံးဒဏ်ရာရရှိမှု ဖြစ်စေခဲ့ပါသည်။ နိုင်ငံအချို့သည် အမေရိကန် နှင့် ဗြိတိန်နှစ်နိုင်ငံတို့၏ လုပ်ဆောင်မှုများကို ပြစ်တင်ရှုတ်ချပြီး ၄င်းမှာ ယီမင်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်ထိခိုက်ခြင်းဖြစ်ကာ ဒေသတွင်း အခြေအနေ တင်းမာမှု ပိုမိုဆိုးဝါးလာစေမည် ဖြစ်ကြောင်း ယူဆကြပါသည်။