ဟာလ်ပင်တွင် တရုတ်-ဥရောပ ကုန်တင်ရထားအရေအတွက်သည် ရာခိုင်နှုန်း၂၅၀ကျော်တိုးလာပြီး မော်တော်ယာဉ်တင်ပို့မှုစံချိန်သစ်တင်

(GMT+08:00)2024-03-20 13:49:04  

တရုတ်ရထားဟာလ်ပင်လုပ်ငန်းအုပ်စုကုမ္ပဏီမှ သတင်းအချက်အလက်အရ မတ်လ ၁၉ရက်နေ့က ကွန်တိန်နာ ၅၅ လုံးနှင့် တရုတ်အမှတ်တံဆိပ်မော်တော်ယာဉ်၁၅၂စီး တင်ဆောင်ထားသော တရုတ်-ဥရောပ ကုန်တင်ရထားသည် ဟာလ်ပင်နိုင်ငံတကာ ကွန်တိန်နာစင်တာဘူတာရုံမှ ထွက်ခွာပြီး စွေဖျင်မြစ်ရထားဂိတ်မှတစ်ဆင့် နိုင်ငံခြားသို့ရောက်ရှိကြောင်း၊ ယခုနှစ် ပထမနှစ်လ ဟာလ်ပင်တွင် တရုတ်-ဥရောပ ကုန်တင်ရထားအရေအတွက်နှင့် တင်ပို့သော ကုန်စည်ပမာဏတို့သည် ရာခိုင်နှုန်း၂၅၀ကျော်တိုးလာပြီး ပို့ကုန်များအနက် မော်တော်ယာဉ် အချိုးအစားသည် ၅၂.၄ရာခိုင်နှုန်းရှိကာ လွန်ခဲ့သည့်နှစ်များ အလားတူ အချိန်ပိုင်းများနှင့် နှိုင်းယှဉ်လျှင် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း၊ ရောင်းချရန် မော်တော်ယာဉ် တင်ပို့မှု သွက်လက်ကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။