ရှီကျင့်ဖိန်သည် လယ်ကွင်းသို့ သွားရောက်ပြီး နွေဦးထွန်ယက်မှုနှင့် ပြင်ဆင်မှုကို ကြည့်ရှုစစ်ဆေး

(GMT+08:00)2024-03-20 10:49:37  

ယခုလ ၁၉ရက်နေ့ ညနေပိုင်းတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဟူနန်ပြည်နယ် ချန်ဒယ်မြို့ ချန်ဒယ်ဟိုလမ်း၊ ဒင်ချင် ခရိုင် ရှဲ့ကျားဖု မြို့နယ်ရှိ တရုတ် ဧက တစ်သောင်း ကျယ်ဝန်းသည့် စားနပ်ရိက္ခာ ထုတ်လုပ်မှု အထွေထွေ စံပြဇုန်သို့ ရောက်ရှိပြီး ဆန်စပါး လယ်ကွင်း အနားတွင် ပျိုးပင် ပြုစုပျိုးထောင်ခြင်းနှင့် လယ်မြေ ထွန်ယက်ခြင်း အခြေအနေကို စစ်ဆေးကြည့်ရှုကာ ဆန်စပါး စိုက်ပျိုးသည့် လယ်သမားများ၊ စိုက်ပျိုးရေး နည်းပညာ ဝန်ထမ်းများ၊ အောက်ခြေအဆင့် ကေဒါခေါင်းဆောင်များနှင့် ရွာသူရွာသားများနှင့် စကားစမြည် ပြောကြား၍ နွေဦးထွန်ယက်မှုနှင့် ပြင်ဆင်မှုစသည့် အခြေအနေများကို သေသေချာချာ မေးမြန်းခဲ့ပါသည်။ ရှီကျင့်ဖိန်က နွေဦးထွန်ယက်မှုနှင့် ပြင်ဆင်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်းသည် စားနပ်ရိက္ခာ သီးနှံအထွက်ကောင်းအောင်နှင့် စားနပ်ရိက္ခာ ဖူလုံမှု အာမခံပေးရန် အတွက် သော့ချက်ကျကြောင်း အလေးထား ပြောကြားခဲ့ပါသည်။