တရုတ် နိုင်ငံသည် Queqiao အမှတ် ၂ Tracking and Data Relay ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2024-03-20 17:05:30  

    ယခုလ ၂၀ရက်နေ့ နံနက် ၈နာရီ ၃၁မိနစ် အချိန်တွင် ဝင်ချမ်း အာကာသ လွှတ်တင်ရေး စခန်း၌ တရုတ် နိုင်ငံ၏ လကမ္ဘာ စူးစမ်းလေ့လာရေး လုပ်ငန်းစဉ် စတုတ္ထအဆင့် Queqiao အမှတ် ၂ Tracking and Data Relay ဂြိုဟ်တုကို လောင်းမတ်ခ်ျ အမှတ် ၈ Yao 3 သယ်ဆောင်ဒုံးပျံဖြင့် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း၊ Queqiao အမှတ် ၂ Tracking and Data Relay ဂြိုဟ်တုသည်  လကမ္ဘာ စူးစမ်းလေ့လာရေး လုပ်ငန်း စတုတ္ထအဆင့် နောက်ဆက်တွဲ လုပ်ငန်းစဉ်၏ သော့ချက်ကျသော ကွင်းဆက် တစ်ခု အနေဖြင့် ကမ္ဘာမြေကြီးနှင့် လကမ္ဘာ အကြား ပေါင်းကူးတံတား အဖြစ် ပါဝင်ဆောင်ရွက် ပြီး ချန်အယ် အမှတ် ၄နှင့် ချန်အယ် အမှတ် ၆ လကမ္ဘာ စူးစမ်းလေ့လာရေးယာဉ်များ၏ တာဝန် ဆောင်ရွက်ခြင်း အတွက် ကမ္ဘာမြေကြီးနှင့် လကမ္ဘာ အကြား relay communicationကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရပါသည်။