ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက တောင်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အမေရိကန်သည် အငြင်းပွားမှုကို သွေးထိုးလှုံ့ဆော်မှု မပြုသင့်ဟု ပြောကြား

(GMT+08:00)2024-03-20 15:55:21  

ဖိလစ်ပိုင်နိုင်ငံကို ခရီးလှည့်လည်စဉ် တောင်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ မှားယွင်းတဲ့ မှတ်ချက်စကားနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းခြင်းကို ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက မတ်လ ၂၀ ရက်နေ့မှာ ဖြေကြားခဲ့ပါတယ်။ ပြောရေးဆိုခွင့်ရှိသူမှ မကြာသေးမီက တောင်ပင်လယ် အခြေအနေ တင်းမာမှုများသည် တရုတ်နိုင်ငံမှ နှိုးဆော်ခြင်းမဟုတ်၊ တရုတ်နိုင်ငံသည် ယင်းအပေါ် တာဝန်မရှိကြောင်း၊ ထိပါးနှောင့်ယှက်မှုများနှင့် ရင်ဆိုင်ရချိန်တွင် တရုတ်နိုင်ငံသည် မိမိ၏ ပိုင်နက်အချုပ်အခြာအာဏာနှင့် ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သော အစီအမံများကို မဖြစ်မနေ လုပ်ဆောင်ရကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး Blinken ၏ မှတ်ချက်များသည် ဖြစ်ရပ်မှန်များကို လျစ်လျူရှုထားပြီး တောင်ပင်လယ်တွင် တရုတ်နိုင်ငံ၏ တရားဝင်လုပ်ဆောင်မှုများကို အခြေအမြစ်မရှိ စွပ်စွဲကာ အမေရိကန်နှင့် ဖိလစ်ပိုင်တို့အကြား အပြန်အလှန် ကာကွယ်ရေး သဘောတူစာချုပ်၏ တာဝန်ဝတ္တရားဆိုသည်ကို အကြောင်းပြကာ တရုတ်အား တစ်ဖန် ခြိမ်းခြောက်ခဲ့ကြောင်း၊ ယင်းအပေါ် မိမိတို့ ပြတ်သားစွာ ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။