ဟောင်ကောင်တွင် အမျိုးသား လုံခြုံမှု ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေ မူကြမ်း ဒုတိယအကျော့ ဖတ်ကြား ဆွေးနွေးပွဲ ပြန်လည်ပြုလုပ်

(GMT+08:00)2024-03-19 15:05:51  

ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ဥပဒေပြု ကောင်စီသည် မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီတွင် အစည်းအဝေး ကျင်းပခဲ့ရာ အမျိုးသား လုံခြုံမှု ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေ မူကြမ်း ဒုတိယအကျော့ ဖတ်ကြား ဆွေးနွေးပွဲ ပြန်လည်ပြုလုပ်ခဲ့သည်။

ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသ၏ ဥပဒေ အတည်ပြုရေးဆိုင်ရာ လုပ်ငန်းစဉ်အရ ဥပဒေမူကြမ်းကို အတည်ပြုမပြဋ္ဌာန်းမီ ဥပဒေပြု ကောင်စီတွင် ဖတ်ကြားရေး လုပ်ငန်းစဉ် ၃ ကြိမ်ကို ကျင်းပပြီးမှ အတည်ပြုရမည်ဖြစ်သည်။

ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အစိုးရသည် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ဟောင်ကောင် အခြေခံဥပဒေ ပုဒ်မ ၂၃ အတည်ပြုခြင်းနှင့်ပတ်သက်ပြီး ပြည်သူများအား မေးမြန်းခဲ့ရာ ၉၈.၆ ရာခိုင်နှုန်းက ထောက်ခံကြပြီး အပြုသဘောဆောင်သော ပြုပြင်ရေး အကြံပြုချက်များကို တင်ပြကာ အဆိုပါ ဥပဒေအတည်ပြုရေးသည် ခိုင်မာအားကောင်းသည့် ပြည်သူ့ဆန္ဒ အခြေခံ ရှိခြင်းကို ပြသထားသည်။