တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာမှုအတွက် မည်သည့် ကောင်းမွန်သော အချက်များ ရှိပါသနည်း။

(GMT+08:00)2024-03-19 15:13:07  

မကြာသေးမီက နိုင်ငံခြားကုမ္ပဏီများမှ တရုတ်ဈေးကွက်သည် အစားထိုး၍မရ နိုင်ကြောင်း ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ကောင်းလာရန် အကောင်းမြင်ကြောင်း ပြောဆိုခဲ့ကြသည်။ ယင်း"အရှိန်" ဘယ်ကလာ သနည်း။ ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ အမျိုးသား စီးပွားရေး လည်ပတ်မှု ဆိုင်ရာ တရုတ် အစိုးရမှ နောက်ဆုံးထုတ်ပြန်ခဲ့သည့် အချက်အလက်များတွင် အဖြေကို ရှာဖွေ တွေ့ရှိနိုင်ပါသည်။

အတိုင်းအတာ အသင့်အတင့်ရှိသော စက်မှုလုပ်ငန်းများ၏ ထပ်တိုးတန်ဖိုးသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၇ရာခိုင်နှုန်း တိုးလာပြီး အဓိက စက်မှုလုပ်ငန်း ၄၁ခုထဲတွင် ၃၉ခု၏ ထပ်တိုးတန်ဖိုးသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် တိုးလာကာ ပုံသေ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၄.၂ရာခိုင်နှုန်း တိုးလာကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရပါသည်။ တရုတ်စီးပွားရေး  ရေရှည်တိုးတက်မည့် အခြေခံအချက်များမှာ ပြောင်းလဲခြင်းမရှိကြောင်း ယင်းကိန်းဂဏန်း အချက်အလက်များက ပြဆိုနေပါသည်။

စားသုံးမှု ရှုထောင့်မှ ကြည့်လျှင် ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ လူသုံးကုန်ပစ္စည်းများ၏ လက်လီရောင်းချမှု စုစုပေါင်း ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၅.၅ရာခိုင်နှုန်း တိုးလာပြီး စားသုံးမှု အရှိန် ပိုမို အားကောင်းလာမှုကို ထင်ဟပ်ပြသနေပါသည်။ သက်ဆိုင်ရာ ဌာနများ၏ အဆိုအရ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို နက်နက်ရှိုင်းရှိုင်း တွန်းအားပေးနေသည်နှင့်အမျှ စက်ကိရိယာများကို အသစ်လဲခြင်းသည် နှစ်စဉ် အတိုင်းအတာ ၅ ထရီလီယံကျော် ရှိသည့် ကြီးမားသော ဈေးကွက်ကို ဆောင်ကြဉ်းလာမည်ဖြစ်သည်။ ထို့အပြင် ၂၀၂၃ခုနှစ် နှစ်ကုန်တွင် တရုတ်နိုင်ငံ၏ အများပြည်သူသုံး မော်တော်ယာဉ်များနှင့် အိမ်သုံး အီလက်ထရွန်နစ်ပစ္စည်း များကို အသစ်လဲခြင်းသည် ထရီလီယံချီ တန်သော စျေးကွက်ကို ဖန်တီးနိုင်သည်။ တစ်ချိန်တည်းမှာပင်  တရုတ်နိုင်ငံထုတ် ခေတ်မီထုတ်ကုန်များ၊ စမတ်အိမ်များ၊ ယဉ်ကျေးမှု၊ ဖျော်ဖြေရေးနှင့် ခရီးသွားလာရေးကဲ့သို့သော စားသုံးမှု တိုးတက်စေသည့် အချက်သစ်များ မကြာခဏ ထွက်ပေါ်လာပြီး ပြည်တွင်းဝယ်လိုအားကို ချဲ့ထွင်ရန် တွန်းအားပေးမှုသစ်ကို ဖော်ဆောင်ကာ နိုင်ငံခြားကုမ္ပဏီများ အတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးနေ ပါသည်။

စီးပွားရေးတိုးတက်မှုသည် ဆန်းသစ်တီထွင်မှုနှင့် ခွဲ၍မရနိုင်ပါ။ "အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား" ဖော်ဆောင်ခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးအတွက် အဓိကကျသော စာလုံး ဖြစ်လာသည်။ တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်မှု အငွေ့အသက်များ၏ ဆွဲဆောင်မှု ကြောင့် နိုင်ငံခြားကုမ္ပဏီ အများအပြားသည် တရုတ်နိုင်ငံသို့ ရောက်လာခဲ့ပါသည်။ ယခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်သော လုပ်ငန်း ကုမ္ပဏီ သစ် ၄၅၈၈ခု တည်ထောင်ခဲ့ပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၇၄.၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

ယခုနှစ် ပထမနှစ်လတွင် တရုတ်နိုင်ငံ၏ သွင်းကုန်ပို့ကုန် ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၈.၇ရာခိုင်နှုန်း တိုးလာခဲ့ပြီး သွင်းကုန်နှင့် ပို့ကုန် နှစ်ခုစလုံးမှာ တိုးတက်မှု ရရှိခဲ့ကြောင်း သတိပြုသင့်သည်။ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု အရှိန်အဟုန်ဖြင့် တိုးတက်မှုသည် ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားရေး ပြန်လည်ဦးမော့ လာစေရန် ခိုင်မာသော တွန်းအားတစ်ခုဖြစ်သည်။

တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာမှုကို အားပေးသည့် အကြောင်းရင်းများ ပိုများလာနေကြောင်း အဖြစ်မှန်များက သက်သေပြနေပါသည်။ လက်ရှိတွင် ပြင်ပ မတည် မငြိမ်မှုများနှင့် မသေချာမရေရာမှုများ များစွာရှိနေဆဲဖြစ်ပြီး တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာမှုအတွက် အခြေခံအုတ်မြစ်ကို ခိုင်ခံ့စေရန် လိုအပ်သည်။ သို့သော် ကျားကန်ပေးနေသည့် ကောင်းကျိုးများ အဆက်မပြတ် တိုးများလာခြင်း၊ တရုတ်နိုင်ငံ၏ ကြီးမားသောစျေးကွက်၏ အသက်ဝင်မှုနှင့် လုပ်ငန်းကုမ္ပဏီများ၏ လုပ်ဆောင်ရန် သတ္တိရှိမှုတို့ကြောင့် တရုတ်နိုင်ငံသည် ယခုနှစ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည့်အပြင် ကမ္ဘာ့စီးပွားရေး အတွက်လည်း နွေးထွေးမှုများကို ဆောင်ကြဉ်းလာနိုင်မည် ဖြစ်သည်။