နိုင်ငံတကာနျူကလီးယားလက်နက်လျှော့ချရေးနှင့် နျူကလီးယားမပြန့်ပွားစေရေး လုပ်ငန်းစဉ် ကို တွန်းအားပေးရန် တရုတ် ပန်ကြား

(GMT+08:00)2024-03-19 15:13:50  

ဒေသစံတော်ချိန် မတ်လ ၁၈ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် နျူကလီးယားလက်နက်လျှော့ချရေးနှင့် မပြန့်ပွားစေရေး ပြဿနာနှင့်ပတ်သက်ပြီး အစည်းအဝေး ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံ ကိုယ်စားလှယ်က တရုတ်နိုင်ငံသည် မည်သည့်ပုံစံဖြင့်မဆို ဆောင်ရွက်သော နျူကလီးယား လက်နက် ယှဉ်ပြိုင်မှုကို ပါဝင်မည် မဟုတ်ကြောင်း၊ နိုင်ငံတကာ မိသားစုကြီးအား နျူကလီးယားလက်နက်လျှော့ချရေးနှင့် နျူကလီးယားမပြန့်ပွားစေရေး လုပ်ငန်းစဉ်ကို ပူးပေါင်းပြီးတွန်းအားပေးရန် ပန်ကြားကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် Zhang Junက နျူကလီးယား လက်နက်ကို ဘက်စုံတားဆီးပိတ်ပင်ရေးနှင့် အပြီးတိုင်ဖျက်ဆီးရေး၊ နျူကလီးယားမရှိစေ ရေးကမ္ဘာကို နောက်ဆုံးထူထောင်ရေးတို့သည် နိုင်ငံတကာမိသားစုကြီး၏ ဘုံတူဆန္ဒဖြစ် ကြောင်း ပြောကြားပါသည်။

နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးဦးတည်ချက်ကို စွဲကိုင်ပြီး နိုင်ငံတကာနျူကလီးယား မပြန့်ပွားစေရေးစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရကြောင်း၊ အတူဖွံ့ဖြိုးတိုးတက်ရေး မူလရည်ရွယ်ချက်ကို လိုက်နာပြီး နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာအသုံးပြုမှုကို တိုးမြှင့်သင့်ကြောင်း တရုတ်နိုင်ငံက ဖော်ပြပါသည်။