ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်အရွေးခံရခြင်းအတွက် ပူတင်ထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

(GMT+08:00)2024-03-19 15:04:17  

မတ်လ ၁၈ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံသမ္မတအဖြစ် ပြန်လည်အရွေးခံရခြင်းအတွက် ပူတင်ထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က ယခုနှစ်များတွင် ရုရှားပြည်သူများ စည်းလုံးညီညွတ်ပြီး စိန်ခေါ်ချက်များ ကို ကျော်လွှားကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ရှင်သန်စေရေးလမ်းကြောင်း ပေါ်၌ ခြေလှမ်းမှန်မှန် ရှေ့သို့တက်လှမ်းနေကြောင်း၊ အဆွေတော် ထပ်မံတာဝန် ထမ်းဆောင်ခြင်းသည် ရုရှားပြည်သူများမှ အဆွေတော်အား ထောက်ခံအားပေးမှုကို အပြည့်အဝ ဖော်ပြနိုင်ကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုဖြင့် ရုရှားနိုင်ငံသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထူထောင်ရေးတွင် ပိုမိုကြီးမားသောအောင်ကျိုးရလဒ်များ ရရှိနိုင်မှာ သေချာသည်ဟု ယုံကြည်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-ရုရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို လွန်စွာအလေးထားပြီး ရုရှားနိုင်ငံနှင့်အတူ ရင်းနှီးစွာ ကူးလူးဖလှယ်မှုကို ထိန်းထားကာ တရုတ်-ရုရှား ခေတ်သစ် ဘက်စုံ မဟာဗျူဟာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို ဆက်တိုက်ကောင်းမွန်တည်ငြိမ်နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး၍ နှစ်နိုင်ငံနှင့်နှစ်နိုင်ငံပြည်သူများအတွက် ချမ်းသာသုခများဆောင်ကြဉ်း ပေးရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားပါသည်။