တောင်ကိုရီးယားတွင် “ဒီမိုကရေစီထိပ်သီးအစည်းအဝေး”ကျင်းပပြီးနောက် ဆိုးလ်ပြည်သူများ ဆန္ဒပြ ဆန့်ကျင်ပွဲ ပြုလုပ်

(GMT+08:00)2024-03-19 15:14:51  

၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့က တတိယအကြိမ်မြောက် “ဒီမိုကရေစီထိပ်သီးအစည်းအဝေး” ကို ဆိုးလ်မြို့၌ ကျင်းပခဲ့ပြီး တောင်ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းအများအပြားသည် ဆိုးလ်မြို့လယ်ခေါင်တွင် ဆန္ဒပြ ဆန့်ကျင်ပွဲကို ပြုလုပ်ခဲ့သည်ဟု တောင်ကိုရီးယားမီဒီယာမှ သတင်းအရ သိရပါသည်။ ဆန္ဒပြသူများက “အမေရိကန်၏ ဗိုလ်ကျစိုးမိုးမှုဆန့်ကျင်ခြင်း”၊ “စစ်အေးတိုက်ပွဲသစ် ထိပ်တိုက်မူဝါဒကို ဆန့်ကျင်ခြင်း”စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး “ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးဆန့်ကျင်ခြင်း”၊ “ဒီမိုကရေစီထိပ်သီးအစည်းအဝေးက ဒီမိုကရေစီအတုကို ဖြန့်ချိခြင်း”နှင့် “အမေရိကန်အား ဗဟိုပြုထားသော တန်ဖိုးဆိုင်ရာ မဟာမိတ်အဖွဲ့ကို Yoon Seok-yue  အစိုးရက မျက်စိစုံမှိတ် နောက်လိုက်ခြင်းကို ရှုတ်ချခြင်း”စသည်တို့ကို  ကြွေးကြော်ခဲ့ကြပါသည်။