ရေကြီးမှုကြောင့် လူ ၅ ဦး သေဆုံး၊ အင်ဒိုနီးရှား ခရိုင်တစ်ခုတွင် ဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်မှုအခြေအနေ ကြေညာ

(GMT+08:00)2024-03-18 15:44:15  

    ဒေသစံတော်ချိန် ၁၇ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းဂျာဗားပြည်နယ်၊ Kudusခရိုင်၏ ကယ်ဆယ်ရေးဌာနမှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ မတ်လ ၁၅ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ ယင်းခရိုင်သည် ဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ရေးအခြေအနေသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ယင်းကြေညာချက်တွင် ခရိုင်အတွင်းရှိ လမ်းတစ်ဝက်ကျော်ကို ကြီးမားသည့် ရေလွှမ်းမိုးမှု ခံရပြီး လူ၅ဦးသေဆုံးကာ လူ ၃၂,၀၀၀ကျော် ထိခိုက်ခဲ့ပြီး အိမ်ခြေ ၁၀,၀၀၀ ကျော် ရေနစ်မြှုပ်ခံရကြောင်း ဖော်ပြထားသည်။ အစိုးရသည် ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေများကို တုံ့ပြန်ရန်နှင့် ဘေးအန္တရာယ် ကျယ်ပြန့်သက်ရောက် မှုများကို ကာကွယ်ရန် အရင်းအမြစ်များ စုဆောင်းချထားလျက်ရှိသည်။