အနောက်ပိုင်း ကုန်းမြေမှပင်လယ်ထိ စင်္ကြံအသစ်ဖြစ်သည့် ရာထားတွဲများသည် ပထမ ၃ လပိုင်းတွင် အောင်မြင်စွာ ပြေးဆွဲနိုင်ခဲ့

(GMT+08:00)2024-03-18 15:32:54  

မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကွန်တိန်နာ ၁၀၈ လုံး တင်ဆောင်ထားသော ရထားတစ်စင်းသည် ချင်းကျိုး မီးရထား ကွန်တိန်နာစင်တာမှ ဖြည်းညှင်းစွာ ထွက်ခွာကာ စီချွမ်း ချင်ရှန်း ဘူတာရုံသို့ ဦးတည်သွားခဲ့ပြီး မြန်မာ့နှမ်းနက်၊ ဟိုင်နန်အုန်းရည်၊ ကွမ်ရှီးသကြားနှင့် အခြားကုန်ပစ္စည်းများကို တင်ဆောင်ထားပါသည်။ ၎င်းသည် ၂၀၂၄ ခုနှစ်တွင် အနောက်ပိုင်း ကုန်းမြေမှပင်လယ်ထိ စင်္ကြံအသစ်ဖြစ် သည့် ရထားများ၏  အကြိမ် ၂၀၀၀ မြောက် ပြေးဆွဲခြင်း ဖြစ်ပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၁၆.၈ ရာခိုင်းနှုန်း တိုးလာကာ ပထမသုံးလပတ် ရထားလည်ပတ်မှုတာဝန်ကို သတ်မှတ်ရက်ထက် ၁၄ ရက်စောပြီးမြောက်ခဲ့ပြီး ပထမ ၃ လတွင် အောင်မြင်စွာ ပြေးဆွဲနိုင်ခဲ့ပါသည်။