135th Canton Fair ၏ ပထမအသုတ် ပြသမည့်နိုင်ငံခြားကုန်ပစ္စည်းများသည် အကောက်ခွန်ရှင်းလင်းပြီး တရုတ်ပြည်တွင်းသို့ ဝင်ရောက်

(GMT+08:00)2024-03-18 15:30:38  

၁၃၅ ကြိမ်မြောက် တရုတ်သွင်းကုန်ပို့ကုန်ကုန်စည်ပြပွဲကို ဧပြီလ ၁၅ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ အဆင့်သုံးဆင့်ဖြင့် ကွမ်ကျိုးမြို့တွင် ကျင်းပမည်ဖြစ်ပြီး ကုမ္ပဏီပေါင်း ၂၈၀၀၀ ကျော်သည် အွန်လိုင်းနှင့် အော့ဖ်လိုင်းတွင် ပါဝင်ကြမည်ဟု မျှော်လင့်ရသည်။ မတ်လ ၁၇ ရက်နေ့တွင် 135th Canton Fair ၏ ပထမအသုတ်ပြသမည့်နိုင်ငံခြားကုန်ပစ္စည်းများကို အကောက်ခွန်ရှင်းလင်းပြီး ပြပွဲနေရာချထားရန် အတွက် ကွမ်ကျိုး  Pazhou နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာသို့ပို့ဆောင်ခဲ့သည်။ ၁၀၁ကြိမ်မြောက် Canton Fair တွင် သွင်းကုန်ပြပွဲ စတင်ပြီးနောက် ၁၃၄ ကြိမ်မြောက် Canton Fair အထိ နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်မှ ပြည်ပကုမ္ပဏီပေါင်း ၁၇၀၀၀ ကျော်ကို ပြပွဲသို့ ပါဝင်ပြသရန်ဆွဲဆောင်နိုင်ခဲ့သည်။